Linn Ko: Recover Your Data from your Boot Loop Sony Phone

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Wednesday, February 12, 2014

Recover Your Data from your Boot Loop Sony Phone

Tested in Xperia Neo V (MT11i)

ကျွန်တော် Post မတင်ဖြစ်တာ အတော်ကြာသွားပြီဗျာ... အခု ပြန်တင်ပါတော့မယ်

ဟုတ်ကဲ့ခင်ဗျ...  Sony ဖုန်းလေး ကိုင်ထားတယ့်သူတွေ အတွက် အသုံးဝင်မယ့် 

နည်းလေးတစ်ခုလောက် ပြောပြချင်လို့ပါဗျ... သိထားပြီးသား သူတွေအတွက် တောင်းပန်ပါတယ်လို့..

ဖြစ်ပုံက ဒီလိုဗျ... ကျွန်တော်က Sony Errison Xperia Neo V ဖုန်းလေး ကိုင်ထားတာပါ... တစ်ရက်လည်း 

ကျရော ကျွန်တော့ဖုန်းလေးက Software တစ်ခုနဲ့ ညိပြီး Firmware ပြန်မတတ်လာတော့ဘူးဗျ... 

Bootanimation ပြောင်းထားတာနဲ့ Mobile Care Application နဲ့ ညိသွားတယ် ထင်တာပဲဗျ...

အဲ့မှာ ဖြစ်ချင်တော့ Contact တွေကို ကျွန်တော် Backup မယူထားမိဘူးဗျာ.... အဲ့မှာ အရေးကြီးတယ့် 

ဖုန်းနံပါတ်တွေလည်းပါတော့ ဘယ်လို လုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူးပေါ့ဗျာ

ဒါနဲ့ အမျိုးမျိုး စမ်းသပ်ကြည့်ပါသေးတယ်... ကျွန်တော် ကိုယ်တိုင်ကလည်း Beginner ဆိုတော့ ဘာလုပ်လို့

ဘာကိုင်ရမှန်းကို မသိတော့ပါဘူး.... ဒီလိုနဲ့ ကလိရင်း ကလိရင်း နောက်ဆုံး ကျွန်တော့်ဖုန်းလေး Firmware 

ပြန်တတ်လာခဲ့ပါတယ်


ပြန်ကောင်းလာပုံက ဒီလိုဗျ... Neo V နဲ့ လုပ်ထားပုံလေးကို ရှင်းပြပါမယ်



  • အရင်ဆုံးတော့ ကိုယ့်ဖုန်း Firmware မကျခင်က တင်ထားတယ့် Firmware ကို သိထားရပါမယ်... အဲ့ဒါမသိရင်တောင် Android Version ကိုက်ညီနိုင်တာမျိုးပေါ့ဗျာ... ကိုယ် နောက်ဆုံး သုံးနေတယ့် Version က 4.0.4 ဆိုရင် အဲ့ဒီ Version လေးပေါ့... (ကြည့်ကြပ်သာ ရှာပြီး ဒေါင်းလိုက်ပါဗျာ Connection မကောင်းလို့ Link မတင်ပေးနိုင်တာ ခွင့်လွှတ်ပါ)
  • Computer မှာ Flashtool တင်ထားရပါမယ်.. ဖုန်းအတွက် Driver တင်ထားရပါမယ်... WinRAR တင်ထားရပါမယ်
  • ကဲ အခု Firmware ရလာပြီဆိုရင်ဖြင့် အဲ့ဒီ ftf extension နဲ့ ဆုံးတယ့် Firmware လေးကို ပြင်ရပါဦးမယ်.. အရင်ဆုံး သူ့ကို ဖိုင်ပွားထားရပါမယ်... ပြီးရင် ပွားထားတယ့်ဖိုင်ကို WinRAR နဲ့ ဖွင့်လိုက်ပါ... သူ့ အထဲက ပါတယ့် ဖိုင်လေးတွေကို တွေ့ရပါမယ်
  • အဲ့ထဲက userdata.sin ဆိုတယ့်ဖိုင်ကို Select တစ်ချက်မှတ်ပါ... Keyboard မှ Delete Key ကိုနှိပ်ပြီး ဖျက်ပစ်လိုက်ပါ... WinRAR နဲ့ ဖွင့်ထားတာကို ပြန်ပိတ်လိုက်နိုင်ပါပြီ...
  • အခု Flashtool Install လုပ်ထားတယ့် Path ကိုသွားပါမယ်... ပုံမှန်အတိုင်းကတော့ C: ထဲက (Windows တင်ထားတယ့် Partition ထဲက) Flashtool ဆိုတယ့် Folder အောက်မှာ Firmware ဆိုတယ့် Folder လေး ရှိပါတယ်.. အဲ့ဒီ အထဲကို ဝင်လိုက်ပါ.... အထဲမှာ ရှိနေတယ့် ဖိုင်တွေကို ဖျက်ပစ်လိုက်ပါ.. ဒါမှမဟုတ် အခြားတစ်နေရာကို ပြောင်းထားလိုက်ပါ... ပြီးရင်တော့ ကျွန်တော်တို့ ပြင်ထားတယ့် Firmware လေးကို အဲ့ဒီအထဲမှာ ထည့်ထားလိုက်ပါမယ်... အဲ့ဒီ တစ်ဖိုင်ပဲ ရှိရမယ်နော်...
  • အခု Flashtool ကိုဖွင့်လိုက်ပါ... မိုးကြိုးသွားပုံလေး (Thunder Icon) လေးကို တစ်ချက်နှိပ်လိုက်ပါ... Flashmode ကို ရွေးပြီး OK ကိုနှိပ်ပါ...  ဖိုင်တွေ ပေါ်လာပါလိမ့်မယ်... ဘာမှ မပြောင်းပါနဲ့... OK ပဲ ထပ်နှိပ်လိုက်ပါ..
  • အခု ကျွန်တော်တို့ ဖုန်းကို Battery ဖြုတ်လိုက်ပါမယ်... ပြီးရင် ဖုန်းရဲ့ Battery ကို ပြန်ထည့်ပြီး Menu Key ကို နှိပ်ထားပါ... Computer နဲ့ ဖုန်းနဲ့ကို USB ကြိုးနဲ့ ချိတ်လိုက်ပါ... Flashtool မှာ သူ့ဖာသာသူ အလုပ်လုပ်ပြီး ဖုန်းကို Back Key နှိပ်ပြီး Computer နဲ့ ချိတ်ဖို့ ပြောပါလိမ့်မယ်...
  • အခု ဖုန်းကို Battery ဖြုတ်ပြီး ၅ စက္ကန့်လောက်ထားပြီး ပြန်တတ်လိုက်ပါ... Back Key ကို ဖိထားပြီး Computer နဲ့ ဖုန်းကို ကြိုးနဲ့ ချိတ်လိုက်ပါ....
  • သူ့ဟာသူ အလုပ်ဆက်လုပ်ပြီး ပြီးသွားရင် ဖုန်း Firmware ပြန်တတ်လာပါလိမ့်မယ်
  • ပြီးရင်တော့ ဖုန်းထဲက လိုအပ်မယ့် Data တွေကို backup ယူထားလိုက်ပါ..အခုက Firmware တတ်လာပြီဆိုပေမယ့် Error တွေ ရှိပါတယ်... ဒါကြောင့် လိုအပ်တာတွေ Backup ယူပြီးရင် ဖုန်းကို ပြန်ပိတ်ပြီးတော့ ဘာမှမပြင်ထားတယ့် Original Firmware ကို ပြန်တင်ပြီး အသုံးပြုနိုင်ပါပြီ... ပြီးမှ Backup ယူထားတယ့် ဖိုင်တွေ (ဥပမာ Contact တွေ) ကို ပြန်ထည့်နိုင်ပါတယ်...

 လာရောက်လည်ပတ်သူတွေကို ကျေးဇူး အထူးတင်ရှိပါတယ်


အခုကျွန်တော် တင်ပြထားတာတွေက ကိုယ်တိုင်ကြုံတွေ့ပြီး ကိုယ်တိုင်ရေးထားတာဖြစ်လို့ Copy ကူးယူမယ်ဆိုရင်ဖြင့် Credit လေးတော့ ပေးစေလိုပါတယ်.... လုပ်ရပ်ဆိုတာက အဆင့်အတန်းပါပဲ..

No comments:

Post a Comment