Linn Ko: When you can't see Myanmar Font after installation, do this!!!

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Monday, July 8, 2013

When you can't see Myanmar Font after installation, do this!!!

ကျွန်တော် ဒီတစ်ခါ ပြောချင်တာကတော့ Windows 7 မှာ Desktop က Icon တို့ ဘာတို့မှာ Zawgyi-One Font ကို သွင်းထားပေမယ့် Myanmar Font ကို မမြင်ရတယ့် Error တွေ Mozilla Firefox မှာမြန်မာစာ မမြင်ရတယ့် Error တွေ Gtalk မှာ
မြန်မာစာ မမြင်ရတယ့် Error တွေ ကိုဖြေရှင်းနည်းပဲ ဖြစ်ပါတယ် .... အတော်များများကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ်... တစ်ရက်က ကျွန်တော် အသိတစ်ယောက်က မပြောင်းတတ်ဖူး ပြောပြပါဆိုလို့ တင်ပေးလိုက်ပါတယ်... အခြား မသိသေးသော သူများလည်း ဒါလေးကို ဖတ်မိပါစေလို့ ဆုတောင်းရင်း
ဆက်ရေးပါတော့မယ်  :-)   .....

Desktop ,Icon တို့တွင် မြန်မာစာ နာမည် မမြင်ရခြင်းကို ဖြေရှင်းနည်း

အရင်ဆုံးတော့ Personalization ထဲကို ဝင်ရပါမယ်

Personalization သို့ ဝင်နည်း(1) 
Control Panel ထဲကိုဝင်ပါ... ဝင်နည်းကတော့ အများကြီးပါ...
(1)Windows Key နှိပ်လိုက်ရင် Control Panel ကိုတွေ့နိုင်ပါတယ်...
(2)Windows Key+ R နှိပ်လိုက်ပါ.. Run Box ကျလာပါလိမ့်မယ်... control လို့ရိုက်ပြီး Enter နှိပ်လိုက်ပါ.. Control Panel ထဲကိုရောက်နိုင်ပါပြီ....
Control Panel ထဲကိုရောက်ရင် Appearance and Personalization ထဲကိုထပ် ဝင်ပါ.... 

Personalization ဆိုတယ့် ခေါင်းစဉ်ကိုတွေ့ပါလိမ့်မယ် ... မတွေ့ရင် ညာဖက် အပေါ်ထောင့်က View by
မှာ Category လို့ပြောင်းလိုက်ပါ.... ဒါဆို Appearance and Personalization ဆိုတယ့် ခေါင်းစဉ်ကို တွေ့ပါပြီ....အဲ့ဒီခေါင်းစဉ်လေးကိုပဲတစ်ချက် နှိပ်လိုက်ပါ...
အခု ပေါ်ဆုံးမှာ Personalization ဆိုတာကို တွေ့ရပါလိမ့်မယ်
အဲ့ဒီ ခေါင်းစဉ်လေးကို ထပ်နှိပ်လိုက်ပါ.. Personalization ကိုရောက်ပါပြီ...


Personalization သို့ ဝင်နည်း(2)
လွယ်တယ့် နောက်တစ်နည်းတော့ ရှိပါတယ် အဲ့ဒါကတော့ Desktop ကနေ Personalization ကိုတန်းသွားတယ့် နည်းပါ... အဲ့လို လုပ်ဖို့အတွက် Desktop ကိုအရင်သွားလိုက်ပါ.. တစ်ချို့က
Desktop ဆိုရင် ဘယ်နေရာမှန်းမသိဖြစ်နေတတ်လို့ ပုံနဲ့ပြလိုက်ပါတယ်... 
အဲ...ပြီးရင်တော့ အဲ့ဒီ Desktop ရဲ့ လွတ်နေတယ့် နေရာမှာ Right Click နှိပ်လိုက်ပါ... ဒီလို မြင်ရပါလိမ့်မယ်...

အဲ့ဒီ အကွက်ထဲက အောက်ဆုံးက Personalize ကိုရွေးလိုက်ပါ....
အခုဆိုရင်တော့ Personalization ကို ရောက်ပါပြီ....


အခု အောက်နားမှာ Desktop Background ရယ် Window Color ရယ် Sounds ရယ်နဲ့ Screen Saver ဆိုပြီး
လေးခုရှိပါတယ်... Window Color ကိုရွေးလိုက်ပါ
အဲ့ဒီမှာ အောက်မှာ Item ရယ် Font ဆိုတာရယ်ရှိတယ် ခင်ဗျ...  Item မှာတော့ Desktop
လို့ရွေးထားပြီး... Font မှာတော့ မှိန်နေတယ်လေ..
အဲ့ဒါမှာ Item အောက်က Desktop ဆိုတာကိုနှိပ်ပြီး
Icon လို့ပြောင်းလိုက်ပါ...
Font အောက်မှာ Zawgyi-One လို့ ပြောင်းလိုက်ပါ....
နောက်ထပ် Icon နေရာမှာပဲ နှိပ်ပြီး Inactive Title Bar လို့ပြောင်းပြီး Font မှာ Zawgyi-One ပြောင်းပါ..
နောက်ထပ် Menu တို့ Message Box တို့ Palette Title တို့ Selected Items တို့
ToolTip တို့ ကို ပြောင်းပြီး Font ကို Zawgyi-One လို့ပြောင်းပေးပါ....

ဒါဆိုရင်တော့ Folder တွေ ဘာတွေကို မမြင်ရခြင်းကို ပြုပြင်ပြီးပါပြီ..

အခု Mozilla Firefox မှာမြန်မာစာ မမြင်ရရင် ဖြေရှင်းနည်းကို ပြောပါ့မယ်...

အရင်ဆုံးတော့ Firefox ကိုဖွင့်လိုက်ပါ....  Firefox Version အသစ်ကို သုံးထားရင်
ဘယ်ဖက်အပေါ်ဆုံးမှာ Firefox ဆိုပြီး မြှားလေးနဲ့ နဲ့ လိမ္မော်ရောင် စာတန်းကို
တွေ့ရပါလိမ့်မယ် အဲ့ဒါလေးကိုနှိပ်လိုက်ပါ... Option ကိုတွေ့ရပါမယ်... Click ပြီးဝင်လိုက်ပါ..
Firefox Version အဟောင်းဆိုရင် ဘယ်ဖက်အပေါ်ဆုံးမှာပဲ Tools ဆိုတာရှိပါတယ်..
နှိပ်လိုက်ပါ.. Option ကိုတွေ့ရပါလိမ့်မယ် ဝင်လိုက်ပါ
အကွက်လေးတစ်ကွက် ပေါ်လာရင် Content ဆိုတာကိုနှိပ်လိုက်ပါ ...
Default Font: ဆိုတာရဲ့ အရှေ့ကအကွက်ကိုနှိပ်ပြီး Zawgyi-One ပြောင်းလိုက်ပါ
ဘေးက Advanced... ကိုနှိပ်လိုက်ပါ... Serif ရယ် Monospace ရယ်မှာ
Zawgyi-One ဆိုပြီးလိုက်ပြောင်းလိုက်ပါ... Ok နှိပ်ပြီးထွက်လိုက်ပါ... ရပါပြီ...

Gtalk မှာ မြန်မာစာ မမြင်ရဘူးဆိုရင်တော့

Internet Explorer ကိုဝင်လိုက်ပါ... မဝင်တတ်ရင် Windows Key လေးနှိပ်ပြီး Internet Explorer
လို့ရိုက်လိုက်ပါ... ပေါ်လာပါလိမ့်မယ်... Internet Explorer ကိုဖွင့်လိုက်ပါ....
သူပွင့်လာရင် ညာဖက်အပေါ်ဆုံးမှာ စက်သွားပုံလေး ရှိတယ်ခင်ဗျ..
နှိပ်လိုက်ပါ... Internet Option ဆိုတာကိုတွေ့ပါလိမ့်မယ် ဝင်လိုက်ပါ...
အကွက်လေး ပေါ်လာရင် အောက်နားမှာ လိုက်ရှာပါ
Colors , Languages , Fonts နဲ့ Accessibility ဆိုပြီး လေးကွက်ရှိပါတယ်
Fonts ထဲကိုဝင်ပြီး Zawgyi-One ပြောင်းလိုက်ပါ... အခု Gtalk ဖွင့်ရအောင်..
Gtalk ထဲကို မိမိ အကောင့်လေး ဝင်လိုက်ပါ...
အပေါ်နားလေးမှာ Setting ဆိုတာ ရှိပါတယ်...
နှိပ်လိုက်ပါ... General ဆိုတာကိုပြောင်းထားပါ...
Change Font ဆိုတာ ကိုတွေ့ရပါလိမ့်မယ် နှိပ်လိုက်ပါ...
Zawgyi-One ပြောင်းလိုက်ပါ... မြန်မာစာ သုံးကြည့်ပါဦး.. ခုဆိုမြင်ရပါပြီ...

အားလုံးအဆင်ပြေကြပါစေဗျာ......
မြန်မာစာ မမြင်ရသောကြောင့် ဆိုင်သို့ရောက်ခြင်း ကင်းဝေးကြပါစေ.. :)

No comments:

Post a Comment