Linn Ko: Mapquest for Android

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Tuesday, July 16, 2013

Mapquest for Android


MapQuest: Maps, GPS & Traffic
အခုပေးတဲ့မြေပုံလေးကတော့ တော်တော်အသုံးဝင်ပါတယ်.. သူ့ကိုအသုံးပြုဖို့အတွက် အင်တာနတ်နှင့် GPS ကိုဖွင့်ထားဖို့တော့လိုအပ်ပါတယ်။
သူ့ရဲ့လုပ်ဆောင်ပေးမှု့တွေကတော့ တော်တော်လေးကိုကောင်းမွန်ပါတယ်။ Google Play Store မှာ
Free ပေးတယ်ဆိုပေမဲ့ တကယ်အသုံးဝင်တဲ့မြေပုံလေးဖြစ်ပါတယ်။
မြေပုံမှာ မိမိသွားလိုတဲ့လမ်းကြောင်းတွေကို
ဘယ်ကွေ့ညာကွေ့ စတာတွေကိုလည်း အသံဖြင့်ထိန်းကြောင်းပြောပေးခြင်း မိမိသွားလိုတဲ့လမ်းကြောင်းရဲ့
Traffic လမ်းပိတ်ဆို့မှု့တွေကိုလည်း ၅ မိနစ်တကြိမ်ဖော်ပြပေးခြင်း မိမိရောက်ရှိနေတဲ့လက်ရှိနေရာအားText Message,Email,Facebook and Twitter စတာတွေကို
လည်းပြန်လည် Share ပေးနိုင်ခြင်းVoice Search Features ပါဝင်သဖြင့် အသံဖြင့်မိမိသွားလိုတဲ့နေရာကို အလွယ်တကူရှာဖွေနိုင်ခြင်းတစ်နည်းအားဖြင့် Hand Free
ပါဝင်ခြင်း Place Map Toolbar ပေါ်မှာ မိမိဖော်ပြခြင်သိရှိချင်တဲ့ Features များကို အလွယ်တကူထိန်းချုပ်နိုင်ခြင်း။ မိမိရဲ့လမ်းကြောင်းကို သတ်မှတ်ပြီးမှ လမ်းကြောင်း
မှား၍သွားလျှင်လည်း စိတ်ပူစရာမလိုပဲလက်ရှိရောက်ရှိရာနေရာမှနေပြီး
မိမိသတ်မှတ်ထားတဲ့နေရာဆီသို့ အနီးဆုံးလမ်းကြောင်းကိုပြန်လည်သတ်မှတ်ပေးပါတယ်။
မိမိရဲ့Directions မှာလည်း Driving or Walking စသဖြင့်ရွေးချယ်နိုင်ပါတယ်။Touch Points မှာမိမိသွားချင်တဲ့ နေရာကို မြေပုံပေါ်မှာဖိပြီးထောက်ထား၍လည်း
  (Go Here)နှိပ်ပြီးအလွယ်တကူ သတ်မှတ်ပေးနိုင်ပါသေးတယ်။
အဲ့ဒါကြောင့် ခရီးသွားလာနေတဲ့သူတွေအတွက် အရမ်းကိုအသုံးပြုရလွယ်ကူပြီး
ဆောင်ထားသင့်တဲ့မြေပုံလေးပါ။ Gas Prices ဈေးနှုန်းတွေကိုလည်း အချိန်နဲ့တပြေးညီဖော်ပြပေးထားပါသေးတယ်။  International Open Street Map ဖြစ်တဲ့အတွက် မိမိ
ဘယ်နိုင်ငံကိုပဲရောက်ရောက် ဘယ်နိုင်ငံကိုပဲသွားသွားယူဆောင်သွားနိုင်ပါတယ်။
Required Android: 2.2+
==========================
=========================


No comments:

Post a Comment