Linn Ko: Huawei G610-U00 တွင် မြန်မာစာ မမှန်ခြင်းကို ဖြေရှင်းနည်း

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Tuesday, July 30, 2013

Huawei G610-U00 တွင် မြန်မာစာ မမှန်ခြင်းကို ဖြေရှင်းနည်း


1.Root လုပ်ရပါမယ်.... ကျွန်တော် VRoot v1.4.2 နဲ့ Root တာ Root လို့ရပါတယ်..
   VRoot Download HERE or HERE or HERE
2.Root Explorer ကို ဖုန်းမှာ Install လုပ်ရပါမယ်..

   Root Explorer Download HERE
3.Fallback_fonts.xml နဲ့ Zawgyipp.ttf ကို ရယူရပါမယ်
   Download Me
   ရလာတယ့် ဖိုင်ကို Extract လုပ်လိုက်ပါ... Fallback_fonts.xml နဲ့ Zawgyipp.ttf ကိုရလာပါလိမ့်မယ်
   အဲ့ဒီ နှစ်ခုကို Copy ကူးပြီး Phone ရဲ့ SD Card ထဲဖြစ်ဖြစ် Internal Storage ထဲဖြစ်ဖြစ် ထည့်ထား
   လိုက်ပါ...
4.အခု Phone မှာ Install လုပ်ထားတယ့် Root Explorer ကို ဖွင့်လိုက်ပါမယ်... Super-User
   Permission တောင်းရင် ညာဖက်က အကွက်လေးကို နှိပ်ပြီး Allow လုပ်လိုက်ပါ...
5.အခု Root Explorer ထဲကိုရောက်ပြီဆိုတော့ အောက်ဆုံးနားလေးကို ဆင်းပြီး သွားကြည့်လိုက်ပါ...
   sdcard ဆိုတယ့် Folder ရှိပါတယ်.. အဲ့ထဲမှာ ကူးထည့်ထားတယ့် Zawgyipp.ttf ကိုရှာပါ.. တွေ့ရင်
   အဲ့ဒီ အပေါ်မှာအကြာကြီးဖိထားလိုက်ပါ... Menu ပေါ်လာရင် Copy ကိုရွေးပါ...
6.Back နဲ့တဆင့်ပြန်ထွက်ပြီး system ဆိုတယ့် Folder ထဲကိုဝင်ပါ.... fonts ဆိုတယ့် Folder ထဲကိုဝင်ပါ
   အောက်မှာ Paste ဆိုတာလေးရှိပါတယ် နှိပ်လိုက်ပါ... တကယ်လို့မရရင် အပေါ်မှာ ရှိတယ့်
   Mount R/W ဆိုတာကို နှိပ်ပေးပါ...ပြီးမှ Paste လုပ်ပါ
7.sdcard Folder ထဲကို ပြန်သွားပါ... Fallback_fonts.xml ဆိုတယ့် ဖိုင်ကိုရှာပြီး Copy ထပ်လုပ်ပါ..
8.system ဆိုတယ့် Folder ထဲက etc ဆိုတယ့် Folder အောက်မှာ Paste လုပ်ပါ.. မရရင် ပထမက လုပ်
   ခဲ့သလို Mount R/W ကို နှိပ်ပေးပါ... ရသွားပါလိမ့်မယ်....
9.ဘယ်ကိုမှာ ပြန်မထွက်ပါနဲ့တော့... Power Button ကိုအကြာကြီး နှိပ်ထားပြီး Restart ဆိုတာကို
   ရွေးပေးပါ....
10.ပြန်တတ်လာရင် မိမိနှစ်သက်ရာ Myanmar Keyboard ကို Install လုပ်ပြီး ရေးကြည့်ပါ...
    မြန်မာစာ အဆင်ပြေနေတာကို တွေ့ရပါလိမ့်မယ်... ဒီမှာ Frozen Keyboard v1.1.3 
    ကိုရယူနိုင်ပါတယ်
    
(မှတ်ချက်။   ။ကျွန်တော်...စမ်းပြီးသားဖြစ်ပါသည်....သို့သော်....လုပ်ရင်း...ကိုင်ရင်း
နောက်ဆက်တွဲ...ဖြစ်လေ့ဖြစ်တတ်..ရှိလေ့ရှိတတ်သော...ပြဿနာများကို...တာဝန်ယူမည် မဟုတ်ပါကြောင်း )

At Your Own Risk ပေါ့ :) 

မတော်တဆများ Firmware မတတ်တော့ရင် တင်လို့ရအောင် Firmware လေး တင်ပေးလိုက်ပါတယ်
Dwonload လုပ်ရန် Page သို့ရောက်လျှင် အောက်ဆုံးသို့သွားပါ....
အောက်တွင်ပြထားသည့် ပုံအတိုင်း တွေ့ရလိမ့်မည် 

အလယ်မှာ Button ကိုနှိပ်ပြီး Download ရယူပါ...
ကျေးဇူးတင်ပါသည်
 

No comments:

Post a Comment