Linn Ko: Enter to 1Mobile Market from Computer

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Saturday, June 29, 2013

Enter to 1Mobile Market from Computer

ကျွန်တော် အခုပြောမယ့် ဟာကို သိပြီးသား သူတွေ ရှိသလို မသိသေးတယ့် သူတွေလည်း ရှိမှာပါ...
မသိသေးတယ့် သူတွေအတွက်လို့ ရည်ရွယ်ပါတယ်...
ဘာလည်းဆိုတော့ 1Mobile Market က Application တွေကို ကွန်ပြူတာကနေ ဝင်တယ့် နည်းလေးပါပဲ..

အရင်ကတော့ 1Mobile Market ကနေ Application တွေ Game တွေကို Download ဆွဲရတာ အတော် 
အဆင်ပြေပါတယ်... ဘာမှကို မလိုတာပါ... Download နှိပ် Install PC ဆိုရင် ကွန်ပြူတာထဲရောက်...
ဘယ်လောက်ကောင်းလဲ...ခုတော့ အဲ့ဒီလို အဆင်မပြေတော့ပါဘူး.... 1Mobile ထဲကိုဝင်... တစ်ခုခု
Download ဆွဲလိုက်ရင် Facebook နဲ့ Login ဝင်မလား Google နဲ့ Login ဝင်မလားဆိုပြီးတော့ မေးပါတယ်...
အဲ့ တစ်ခုခုကို ရွေးပြီးဝင်လိုက်တော့လဲ အဆင်မပြေပါဘူး... ထပ်လုပ်ရင် ထပ်မေးနေတာပါပဲ... 

တကယ်တော့ ကျွန်တော်တို့ သတိမမူ ဂူမမြင်ဖြစ်ခဲ့တာပါ... 

အခု အဆင်ပြေအောင်လုပ်နည်းလေး ကြည့်ရအောင်....

အရင်ဆုံး Browser လေး (Internet Explorer, Mozilla Firefox Google Chrome or Other Like That) ဖွင့်လိုက်ရအောင်...

ပြီးရင်တော့ Gmail.com ကိုသွားပါ... ကိုယ့် Gmail အကောင့်လေးကို Log in ဝင်ထားလိုက်ပါ...

New Tab ဖွင့်လိုက်ပါ.... (+ လေးကိုနှိပ်ပြီးတော့လေ)

ပြီးတော့မှ 1Mobile.com ကိုသွားပါမယ်.... အခု ကိုယ်လိုချင်တဲ့ Application ကို ဝင်လိုက်ပါ... ဘယ်ဖက်က..
ပုံအောက်မှာ Download ဆိုတာလေးကို နှိပ်လိုက်ပါ.... Facebook နဲ့ ဝင်မလား Google နဲ့ဝင်မလားဆိုတာ
ပေါ်လာပါလိမ့်မယ်.... Google ကိုရွေးလိုက်ပါ...

ခဏစောင့်လိုက်ပါ.... ပြီးရင် 1Mobile ရဲ့ Tab ကို ပိတ်လိုက်ပါ... Gmail ရဲ့ Tab ကိုတော့ မပိတ်ပါနဲ့

အခု New Tab တစ်ခု ထပ်ဖွင့်လိုက်ပါ... 1Mobile.com ကို ပြန်ဝင်လိုက်ပါ... ကဲ အခု ကိုယ်လိုချင်တာလေး
တစ်ခုလောက် ဒေါင်းကြည့်လိုက်ပါဦးနော်... အဆင်ပြေနေတာကို တွေ့ရပါလိမ့်မယ်... :)

OK ပြီပေါ့ဗျာ ... နော....

လာလည်တာ ကျေးဇူးတင်ပါတယ်ဗျာ... နောက်နောင်လည်း လာလည်ပါဦးလို့ ဖိတ်ကြားလိုက်ပါရစေ....

No comments:

Post a Comment