Linn Ko: To View The Icon Of Apk File On Windows PC (ApkShell Extension )

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Thursday, May 2, 2013

To View The Icon Of Apk File On Windows PC (ApkShell Extension )

Android Game,Android Software နဲ့ Application တွေကို ကွန်ပြူတာမှာ ထည့်လိုက်တယ့်အခါမှာ နာမည်ပဲမြင်ရပြီး ပုံတွေကိုတော့ မမြင်ရပါဘူး.....ဗြောင်ကြီးတွေ ဖြစ်နေတယ်လေ  အဲ Android Game တွေ Application တွေကို အသစ်လိုချင်လို့ Download လည်းလုပ်ရော နာမည်တွေက
မျိုးစုံကို ရောနေတာပါ... ဥပမာ Viber ကို Download လုပ်လိုက်ရင် com.viber. ဘာညာ သာရကာ.apk ဆိုပြီးတော့ စုံနေတာပါပဲ.. ကိုယ့်လိုချင်တယ့် Application တွေကို ရွေးပြီး ကိုယ့် ဖုန်းထဲ ထည့်ချင်တယ့် အခါမျိုးမှာတော့ စပြီး ဒုက္ခပေးတော့တာပါပဲ... ရှာလို့ကို မတွေ့တော့ဘူးလေ... အဲ့ဒီတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ သူ့ရဲ့ပုံလေးတွေ ( Icon ) ကို မြင်ရအောင်လုပ်တယ့်နည်းက အကောင်းဆုံးပါပဲ (လက်ရှိအထိကျွန်တော်သိသလောက်ပေါ့လေ)... စက်တိုင်းမှာတော့
အဆင်မပြေသေးပါဘူး... ဖြစ်နိုင်ရင်တော့ Windows အသစ်ကို အရင်တင်ထားပြီးမှ ဒါလေးကို Install လုပ်တာ အကောင်းဆုံးပါပဲ... .NET Framework လည်း 2.0 နဲ့ အထက်ရှိဖို့လိုပါတယ်....အဲ့ဒီအခါမှာ မြင်ရတယ့်ပုံကိုတော့ အပေါ်မှာပြထားပါတယ်....စက်တိုင်းမှာတော့ အဆင်မပြေဘူးဗျ.... System Error တတ်နေတယ့်စက်တို့ Registry Error ရှိတယ့်စက်ဆို့ဆို အဆင်မပြေဘူးခင်ဗျ...  ပြီးတော့ Operating System ကလည်း 32-bits ဖြစ်ဖို့ လိုသေးတယ်ဗျ... ဒါမှ လုံးဝအဆင်ပြေမှာ.... Windows က လုံးဝအသစ်တင်ထားတာ... OS ကလည်း 32-bits ဆိုရင်တော့ သေချာပေါက် အဆင်ပြေပါပြီဗျာ....
အခုပြောတာတွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ အောက်မှာ Download ဆွဲပြီး စမ်းကြည့်ပေါ့ဗျာ.......

အရင်ဆုံး .NET Framework 4.5 ကို Download လုပ်ပါ......
ဒါကတော့ .NET Framework 4.5 ကို နောက်ထပ် Link ပါ... အပေါ်က Link အဆင်မပြေရင် ဒီကယူပေါ့

ApkShell Extension ကိုတော့ ဒီက ရယူပါ.......
ApkShell Extension ကို Download လုပ်ပြီးရင်တော့ Extract ဖြည်ချလိုက်ပါ.... ဒါဆိုရင်
--Install.bat
--Uninstall.bat
--Apkshellext.dll
ဆိုပြီး သုံးဖိုင် ရပါလိမ့်မယ်... Install.bat ကို Run လိုက်ပါ... သူရေးထားတယ့် စာကို လိုက်ဖတ်ကြည့်ပါ
Types registered successfully ဆိုရင်အောင်မြင်ပါပြီ.... Restart ချပြီး apk ဖိုင်တစ်ဖိုင်လောက်ကို
သွားကြည့်ကြည့်လိုက်ပါ... Icon မြင်နေရတာကို တွေ့ရပါလိမ့်မယ်...

စိတ်ရှည်ရှည် ဖတ်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ...
အဆင်မပြေတာရှိရင် linnko13@gmail.com ကို mail ပို့ပြီးပြောနိုင်ပါတယ်နော်.....

No comments:

Post a Comment