Linn Ko: Samsung Myanmar Fonts

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Saturday, May 11, 2013

Samsung Myanmar Fonts


Samsung အတွက် Myanmar Font ပါ.... Samsung မှာ ပုံမှန် Zawgyi-One Font ကို သွင်းရင်လည်း ရပါတယ်.... ဒါပေမယ့် စာတွေ ဖတ်ရတာ အဆင်မပြေတာတွေ ရှိပါတယ်.... အဲ့ဒီအတွက် Samsung သီးသန့် Font
လေးပါ..... သူ့ကို Samsung Android ဖုန်းတွေမှာ သွင်းမယ် ဆိုရင်တော့ Font အမှန် မြင်ရမှာဖြစ်ပါတယ်....

သူက CWM  က သွင်းမှ ရတာပါ... လုပ်နည်းကတော့ အရင်ဆုံး SD Card ထဲကို ကျွန်တော် ပေးတယ့် Samsung Font.zip ကို Copy လုပ်ထားရပါမယ်...  CWM အတွက်တော့ Power ကို အရင်ပိတ်ပါ... ဖုန်းပိတ်သွားတာ သေချာအောင် ဘက်ထရီ ကို ဖြုတ်ပြီး ၅ စက္ကန့်လောက်ထားပါ... ပြီးရင် Power + Volume Up + Home Key တွဲနှိပ်ပါ.... အဲ့ဒီက ဝင်သွားရင် Install Zip From SD Card ကို ရွေးပေးရပါမယ်.... ပြီးရင်
Samsung Font.zip ကို ရွေးပေးရပါမယ်... အပေါ်အောက်ကို Volume Up and Down နဲ့ သွားနိုင်ပြီး ရွေးရင်
တော့ Power Button နဲ့ ရွေးရပါတယ်... CWM ဝင်လို့ မရရင်တော့ Odin လို Software တွေသုံးပြီး CWM
သွင်းပေးမှ ရပါမယ်.... ဒါကိုတော့ နောက် အခါအခွင့်ကြုံသလို ၊ အကူအညီ တောင်းသလို တင်ပေးသွားပါမယ်... မသိသေးသူတွေ မရှိသေးသူတွေအတွက် အသုံးဝင်ပါစေဗျာ...

Samsung Font.zip ကို Download လုပ်ရန်.... ဒီမှာ နှိပ်ပါ...           ကျေးဇူးတင်ပါတယ်ခင်ဗျ....

3 comments:

  1. Is it ok for leaked 4.2.2 for Samsung Galaxy S III? I can't change with zawgyi changer. So, decided to update with CWM. Thank you.

    ReplyDelete
  2. ကျွန်တော် 4.2.2 Leaked Firmware မှာတော့ မစမ်းကြည့်ရသေးပါဘူး... စမ်းကြည့်ချင်ရင်တော့ စမ်းကြည့်ပါ...
    [ Firmware ရှိတယ်မဟုတ်လား ;) ]
    iFont နဲ့ Zawgyione Flip-font တို့ကို
    သုံးပြီး အသုံးပြုပြီးလည်း အဆင်ပြေပါတယ်... Browser ကလွဲလို့ပေါ့... အဲ့ဒါကလည်း MyanBrowser တို့
    1st MM Browser တို့ သုံးပြီးတော့ အဆင်ပြေနိုင်ပါတယ်...

    ReplyDelete
  3. Linkမရှိ​တော့လို့ ပြန်​တင်​​ပေးပါဦးအစ်​ကို ​ကျေးဇူးတင်​ပါတယ်

    ReplyDelete