Linn Ko: Samaung Galaxy S4 (GT-I9500) Root

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Sunday, May 5, 2013

Samaung Galaxy S4 (GT-I9500) Root


Samsung Galaxy S4 ကိုင်ထားသူတွေအတွက် Root လုပ်နည်းလေးပါ..... သေချာအောင်ရေးထားလို့ နည်းနည်း စာရှည်နေပေမယ့် လုပ်ကြည့်ရင်လွယ်ပါတယ်....... တစ်ခါ လုပ်ပြီးတာနဲ့ လွယ်မှန်း သိသွားပါလိမ့်မယ်.... အဆုံးထိဖတ်ပြီး လုပ်ကြည့်ပါ..... အရင်ဆုံးအောက်မှာပေးထားတယ့် ဖိုင်လေးကို
Download လုပ်လိုက်ပါနော်.....
ရလာတယ့် Zip File လေးကို ဖြည်လိုက်ပါ......
cofface_I9500_Recovery_en.zip နဲ့ CWM-SuperSU-v0.99.zip ဆိုပြီး ၂ ဖိုင်ရလာပါလိမ့်မယ်....
Phone ရဲ့ SD Card ထဲကို CWM-SuperSU-v0.99.zip ဆိုတယ့် ဖိုင်ကို Copy ကူးထည့်ပြီး Phone မှာပါ တစ်ခါ
တည်း SD Card ကို စိုက်ထားလိုက်ပါ....
cofface_I9500_Recovery_en.zip ဆိုတာလေးကိုပါ ထပ်ဖြည်လိုက်ပါ.....

cofface_I9500_cwm_recovery_en_new.tar 
Odin3.exe
Odin3.ini
tmax.dll
zlib.dll

ဆိုတယ့် ဖိုင်တွေ ရလာပါလိမ့်မယ်.....
ပြီးရင်တော့ Download Mode ကိုဝင်ရပါမယ်... အဲ့ဒီအတွက် အရင်ဆုံး Phone ကို Power Off လိုက်ပါ.....ကွန်ပြူတာနဲ့ ဘာကြိုးမှ ချိတ်မထားပါနဲ့..... Error ဖြစ်မှာ စိုးလို့ပါ.... ဒါပြီးရင်တော့....  သေချာအောင် ပါဝါ ပိတ်ပြီးသွားရင် Battery ကို တစ်ခေါက်လောက် ဖြုတ်လိုက်ပါ.....
ပြီးရင်တော့ Power Button + Volume Down Button + Home Button နှိပ်ပါ.... ၁၀ စက္ကန့်လောက်နှိပ်ထားပါ..
Continue လုပ်ရင် Volume Up ကို နှိပ်ပါ... Reboot ချရန် Volume Down ကိုနှိပ်ပါဆိုပြီးပေါ်လာရင် Volume Up
ပေးပါ.... ဒါဆိုရင်တော့ Download Mode ကိုရောက်ပါပြီ....

ကဲ ဆက်ကြစို့နော်.... အခု ကွန်ပြူတာမှာ ခုဏကဖြည်ထားတယ့်ဖိုင်တွေထဲက Odin3.exe ဆိုတယ့် ဖိုင်ကို
Double Click ခေါက်ပြီး Run ထားလိုက်ပါ... ပြီးရင် ကျွန်တော်တို့ ဖုန်းနဲ့ ကွန်ပြူတာနဲ့ကို ကြိုးနဲ့ ချိတ်ဆက်
လိုက်ပါမယ်.... Odin3 ကို Run ထားလို့ တတ်လာတယ့် Odin Box ကိုကြည့်လိုက်ပါ.... အဝါရောင်လေးနဲ့ ပြနေရင် အဆင်ပြေပါတယ်...... အဝါရောင်လေးပြနေပြီဆိုရင်တော့ PDA ဆိုတယ့်နေရာ
ဘေးနားက လေးထောင့်ကွက်သေးသေးလေးမှာ အမှန်ခြစ် ပေးလိုက်ပါ.... ပြီးရင် PDA ဆိုတယ့် Button
ကိုနှိပ်ပါ.... Open Box ပေါ်လာပါလိမ့်မယ်... အဲ့ဒီမှာ အစပိုင်းတုန်းက ဖြည်လို့ရလာတယ့် Zip File
(cofface_I9500_cwm_recovery_en_new.tar ) ကို လမ်းကြောင်းအတိုင်းသွားပြီး ရွေးပေးလိုက်ပါ.....
ပြီးရင် Odin Box မှာ Start ဆိုတယ့် Button ကိုရွေးပေးလိုက်ပါ.... ပြီးရင် CWM Mode ထဲကို သူ့အလိုလို
ဝင်သွားပါလိမ့်မယ်... ဒါဆိုရင်တော့
Install zip from sdcard   ဆိုတာကို ရွေးပေးဖို့လိုပါလိမ့်မယ်....
(( အဲ့ဒီ ထဲမှာ ဆိုရင်တော့ Volume Up နဲ့ Down က ပေါ် အောက် ရွှေ့ပြီး Power Button ကတော့ ရွေးတာ  (Enter)  ဖြစ်ပါတယ်.... ))
ပြီးရင်တော့ ကိုထည့်ထားတယ့် CWM-SuperSU-v0.99.zip ဆိုတယ့် ဖိုင်ကို ရွေးပေးပြီး Power Button နဲ့
ရွေးပေးလိုက်ပါ... ဒါဆို Run သွားပါလိမ့်မယ်... ပြီးသွားရင်တော့ Go Back ကို ရွေးပြီး နောက်ကိုပြန်ထွက်ပါ..
ပြီးရင် Reboot System လုပ်လိုက်ပါ...... ပြန်တတ်လာရင် Root ပြီးသား ဖြစ်နေပါလိမ့်မယ်....

စိတ်ရှည်ရှည်နဲ့ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်.....

No comments:

Post a Comment