Linn Ko: Root Samsung Galaxy S Duos S7562

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Monday, May 27, 2013

Root Samsung Galaxy S Duos S7562



Samsung Galaxy S Duos S7562 ကို root လုပ်ချင်တဲ့ ဘော်ဒါများ အရင်ဆုံး Computer မှာ
Samsung USB Driver အရင်သွင်းထားရမှာပါ ပြီးရင် လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းလိုက်ပါ....








ဒေါင်းလို့ ရလာတဲ့ Zip ဖိုင်ကို Zip ဖြည်လိုက်ပါ အထဲမှာ ဖိုင် ၄ ခုရှိပါတယ်




ပြီးရင် Odin ဖိုင်ကိုဖွင့်ပြီး Run လိုက်ပါ ပြီရင် ဖုန်း USB Setting တွေကို ၀င်ပြင်ပြီး(USB Debugging On and Unknown Sources On) ဖုန်းကို ပါဝါပိတ်လိုက်ပါ... ပြီးရင် Download Mode ဖြင့်ချိတ်ဆက်ရမှာ ဖြစ်လို့ Vol-Down + Home + Power ကိုဖိပြီးဖွင့်
ပေးလိုက်ပါ.. ပြီးရင် Download Mode ၀င်ဖို့ အတွက် Vol-Up ကို တစ်ချက်နှိပ်ပေးလိုက်ရင် စက်ရုပ်ပုံနဲ့
Downloading စာတန်းတက်လာပါလိမ့်မယ်.. ဒါဆိုရင် Download Mode ရောက်ပါပြီ... အခုဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပေးလိုက်ပါ.... Odin အကွက်မှာ အ၀ါရောင်တန်းတက်လာရင် ချိတ်ဆက်မှုအောင်မြင်ပါပြီ




ပြီးရင် Odin အကွက်က PDA နေရာမှာနှိပ်ပြီး ဒေါင်းထားတဲ့ Download လုပ်ထားတယ့် Root ဖိုင်ဖိုဒါထဲက
CWM Recovery Zip ဖိုင်ကိုရွေးပေးလိုက်ပါ




Start နေရာမှာနှိပ်လိုက်ပြီး ခဏစောင့်ပါ.... အ၀ါရောင် အတန်းပေါ်မှာ PASS စာတန်းတက်လာရင် ကြိုးချိတ်ဆက်ထားတာ ဖြုတ်လိုက်ပါ... ဒါဆို CWM Recovery Mode သွင်းလို့ ပြီးပါပြီ.... Root ဆက်လုပ်ဖို့ အတွက် ဒေါင်းထားတဲ့ Root ဖိုင်တွေထဲက
CWM Superuser Zip ဖိုင်ကို SD Card ထဲ Copy ကူးထည့်လိုက်ပြီး SD card ကို ဖုန်းထဲ ပြန်ထည့်ပါ... ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ... အခု Vol-Up + Vol-Down + Home ကိုဖိပြီး Power ကိုဖိပြီးပြန်ဖွင့်ပါ ပြီးရင် Samsung Logo တက်လာရင် 

Vol-Down ကိုလွှတ်ပြီး ကျန်တဲ့ ခလုတ်သုံးခုကို ဆက်ဖိထားပါ... ဒီပုံအတိုင်း တက်လာပါမယ်


အခု Vol ခလုတ်ကို အသုံးပြုပြီ Install Zip From Sdcard ....>> Choose Zip From Externel Sdcard
ကိုသွားပါမယ်.. Copy ကူးထားတဲ့ CWM Superuser Zip ဖိုင်ကို ရွေးပြီး Install ကိုရွေးပေးရပါမယ် လုပ်ပေးရပါမယ်... ပြီးရင်တော့ Go Back နဲ့ ပြန်ထွက်ပြီး System Reboot ကိုရွေးပေးလိုက်ပါ.. Reboot  ပြန်တက်လာရင် Root လုပ်လို့ အောင်မြင်ပါပြီ.... အကယ်၍ CWM Recovery Mode ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ CWM Recovery Mode သွင်းခဲ့တဲ့အတိုင်း PDA နေရာမှာ Stock Recovery ကိုပြန်ရွေးပေးလိုက်ပြီး  Start ကိုရွေးပေးလိုက်ရင်
အာလုံးအိုကေပါပြီ     ....... အဆင်ပြေပါစေ ..


Credit=>Thai Myanmar

No comments:

Post a Comment