Linn Ko: Mobile Terminal သုံးပြီး Root User Default Password ပြောင်းလဲပုံ

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Thursday, May 16, 2013

Mobile Terminal သုံးပြီး Root User Default Password ပြောင်းလဲပုံ

images
Mobile Terminal ဟာ ကွန်ပျူတာတွေမှာလိုဆိုရင် CMD လိုမျိုးလေးပါ။
Mobile Terminal ရဲ့ အသုံးဝင်ပုံတွေက အများကြီးရှိပါတယ်။ Cydia က သွင်းထားတဲ့ Source တွေကို ပြန်ထုတ်တာတို့  deb တွေကို Terminal သုံးပြီး သွင်းတာတို့ အခြား Command တွေ
အတွက် အလွန်အသုံးဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။
Mobile Terminal ကို အသုံးပြုဖို့ အတွက် ပထမဆုံး Jailbreak လုပ်ထားရပါမယ်။
Jailbreak  ဖြစ်ပြီးသား iDevice တစ်ခုကို Mobile Terminal အသုံးပြုပြီး စိတ်ကြိုက် မွေနှောက်လို့ ရပါတယ်။
ကဲ ပထမဆုံး Mobile Terminal ကို အသုံးပြုပြီး Jailbreak  လုပ်ထားတဲ့ iDevice တစ်ခုရဲ့   Root User Password ကို ပြောင်းတဲ့နည်းလေးပြောပြပါမယ်။
Jailbreak  လုပ်ထားတဲ့ iDevice တစ်ခုရဲ့   Root User Password ဟာ မူလပေးထားတဲ့ အတိုင်းပဲရှိနေပါတယ်။ ဒါကို မပြောင်းထားဘူးဆိုရင် ကိုယ့်ရဲ့ iDevice ဟာ Hack ခံရ နိုင်ခြေရှိပါတယ်။ အဲ့ဒီအတွက် Mobile Terminal App လိုအပ်ပါတယ်။
လိုအပ်တဲ့ ဖိုင်ကို အရင်ဆုံး ဒေါင်းလိုက်ပါ။


ဒေါင်းလို့ရလာတဲ့ zip ကို ဖြည်ပြီး ထွက်လာတဲ့ ဖိုင်နှစ်ဖိုင်ကို အရင်လို deb သွင်းနေကျအတိုင်းပဲ သွင်းလိုက်ပါ။  deb သွင်းနည်းကတော့ သိပြီးလောက်ပါပြီ ထင်လို့ မပြောတော့ပါဘူး။ deb သွင်းပြီး ပါဝါပြန်တက်လာတဲ့အခါ Springboard မှာ Mobile Terminal App လေး မြင်ရပါလိမ့်မယ်။
terminal  ထဲ ၀င်လိုက်၇င် ဒီလိုတွေ့ ရပါမယ်။

PIC 1

Step (1)       Terminal App ထဲဝင်ပြီးရင် su လို့ရိုက်လိုက်ပါ။
Password ဆိုပြီး ပေါ်လာပါမယ်။
PIC 2
Step (2)       Default Password ဖြစ်တဲ့ alpine ကို ရိုက်ပေးပါ၊ Password  ရိုက်တဲ့ အခါမှာ ဘာမှ ပေါ်မှာမဟုတ်ပါဘူး။ Password ရိုက်ပြီးသွားရင် အောက်ပါပုံအတိုင်းမြင်ရပါမယ်။
PIC 3

Step (3)       Default Password ကို Change ဖို့ အတွက် Command ရိုက်ပေးရပါမယ်။             passwd လို့ရိုက်ပါ။
PIC 4

Step (4)       New Password ကို ကိုယ်အဆင်ပြေမယ့် Password ရိုက်ထဲ့ပါ။ ပြီးရင်
Confirm ထပ်လုပ်ပေးပါ။ ပြီးရင်တော့ အားလုံး OK သွားပါပြီ။ နောက်တစ်ခါ ပြန်ဝင်ပြီး သုံးတဲ့ အခါ ပြောင်းထားတဲ့ Password နဲ့မှ ၀င်လို့ရတော့မှာပါ။ မိမိတို့ ရဲ့ Terminal Password ပြောင်းပြီးရင်တော့ သေသေချာချာမှတ်ထားဖို့ လိုပါလိမ့်မယ်။

အခုဆိုသင်ဟာ Root User ရဲ့ Default Password ကို အောင်မြင်စွာ ပြောင်းလဲပြီးပါပြီ။
Mobile Terminal ရဲ့ နောက်ထပ် အသုံးဝင်ပုံတွေကိုလည်း ထပ်မံ တင်ပြပေးသွားပါဦးမယ်။

Credit : ကိုဝင်းဇော်ထွန်း (မိုးကုတ်)

No comments:

Post a Comment