Linn Ko: Method for Changing Icon of Windows 7 Folder and Other

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Thursday, May 23, 2013

Method for Changing Icon of Windows 7 Folder and Other



ကဲ....အခု ကျွန်တော် တင်ပေးမှာကတော့ Drive Icon Changer လေးပါ... မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ် ခင်ဗျ.... တစ်ကြိမ်လောက် လိုက်လုပ်ကြည့်လိုက်ပါ... လွယ်မှန်းသိသွားပါလိမ့်မယ်...
နောက်တစ်ကြိမ်ဆိုရင်တော့ အခက်အခဲမရှိ လုပ်နိုင်သွားပါပြီ.... Windows 7 မှာသုံးဖို့အတွက်ပါ...
ကိုယ်သုံးနေတယ့်  ကွန်ပြူတာလေးကို အလှဆင်ချင်သူတွေအတွက်တော့ အသုံးတည့်မယ် ထင်ပါတယ်...
Windows 7 မှာ Folder , Shortcut နဲ့ Partition တွေရဲ့ Icon လေးတွေကို ကိုယ်လိုသလို ပြောင်းသုံးလို့ ရပါတယ်.... My Computer , My Document , Recycle Bin , Network နဲ့ Control Panel တို့ရဲ့ Icon တွေကိုလည်း ပြောင်းလို့ ရပါတယ်

Folder Icon ပြောင်းနည်း....

1.. ပြောင်းမယ့် Folder ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲက Customize ထဲကို ဝင်လိုက်ပါ...
2.. Change Icon ကိုနှိပ်လိုက်ပါ...
3.. အဲ့ဒီမှာ ပေါ်လာတယ့် သူပေးထားတယ့် ပုံတွေကို ရွေးနိုင်တယ့် အပြင် ကိုယ်လိုချင်တယ့် 
     ပုံကိုထည့်ချင်တယ် ဆိုရင် Look for icons in the files ဘေးက Browse ကိုနှိပ်ပါ...
4.. ကိုယ့်မှာ ရှိတယ့် Icon ရဲ့လမ်းကြောင်းအတိုင်း ပုံ ကိုရွေးပေးပါ... ကိုယ့်မှာ ရွေးပေးဖို့ Icon တော့
     ရှိရပါမယ် ... ပြီးတော့ (.ico) Extension နဲ့ ဆုံးတယ့် ဖိုင်ဖြစ်ရပါမယ်... ဒါဆိုရင်တော့ ရပါပြီ



Shortcut Icon ပြောင်းနည်း....

1.. ပြောင်းမယ့် Shortcut ပေါ်မှာ Right Click ထောက်ပါ...
2.. Properties ထဲက Shortut ဆိုတယ့် Tab အောက်မှာ Change Icon ဆိုတာ ရှိပါတယ်...
     ကျန်တာတွေကတော့ အပေါ်က  Folder Icon ပြောင်းနည်း အတိုင်းပါပဲ....




My Computer , My Documet , Recycle Bin , Network နဲ့ Control Panel Icon ပြောင်းနည်း...

1.. Desktop ရဲ့ လွတ်တဲ့ တစ်နေရာရာမှာ Right Click ထောက်လိုက်ပါ...
2.. Personalize ထဲကို ဝင်ပါ... အောက်ဆုံးမှာ ရှိပါတယ်
3.. ကျလာတယ့် Box ထဲမှာ ဘယ်ဖက်ရဲ့ ဒုတိယမြောက်အကြောင်းမှာ  Change desktop icons
     ဆိုတာရှိပါတယ် ... အဲ့ဒီ အထဲကို ဝင်လိုက်ပါ..
4.. Desktop icons ဆိုတာရဲ့ အောက်မှာ My Computer , My Documet , Recycle Bin , Network နဲ့
     Control Panel Icon တို့ရဲ့ နာမည်လေးတွေ ရေးထားပါတယ်... သူတို့ဘေးက အကွက်
     သေးသေးလေးတွေမှာ အမှန်ခြစ်ပေးလိုက်ရင်
     Desktop မှာ အမှန်ခြစ်ပေးတယ့် ကောင်က ပေါ်လာမှာပါ... အမှန်ခြစ်ဖျောက်လိုက်ရင်တော့
     Desktop မှာ မပေါ်တော့ ဘူးပေါ့.... သူ့အောက်မှာ My Computer , My Documet , Recycle Bin ,
     Network နဲ့ Control Panel Icon တို့ရဲ့     ပုံလေးတွေ ရှိပါတယ်.. ကိုယ်ပြောင်းချင်တယ့် ကောင်ရဲ့
     ပုံကို ထောက်လိုက်ပါ...
5.. ပြီးရင်အောက်မှာ Change Icon ရှိပါတယ် အပေါ်က အတိုင်း ကျန်တာ ဆက်လုပ်ပါ...




Partition Icon ပြောင်းနည်း...( Drive C: , D: စသည်တို့ ကို Icon Change နည်း)




1.. ကိုယ် ပြောင်းချင်တယ့် ပုံကို ကိုပြောင်းမယ့် Drive ထဲ အရင်ထည့်ပါ... ဥပမာ Drive C: ကို ပြောင်း
     မယ်ဆိုရင် Drive C: ထဲကို ပုံကို အရင်ထည့်ထားပါ.. Extension က (.ico) ဖြစ်ရပါမယ်
2.. ပြောင်းမယ့် Drive ထဲကိုဝင်ပါ....
3.. Right Click > New > Text Document နှိပ်ပါ..
4.. အခု လုပ်ထားတယ့် Text ဖိုင်ကို ဖွင့်လိုက်ပါ... အထဲမှာ

[Autorun]
icon = a.ico

လို့ ရေးပါ.. a.ico နေရာမှာ ကိုယ်ထည့်ထားတယ့် icon ရဲ့ နာမည် ကို ရေးရပါမယ်... Extension က ico
ဖြစ်ရပါမယ်.. ပြီးရင် Text File ကို Rename လုပ်ပါ... နဂိုနာမည်က New Text Document.txt ဖြစ်ပါတယ်...
ဒါကို autorun.ini လိုပြောင်းလိုက်ပါ.. အခု Computer ကို Restart ချလိုက်ရင် ရသွား ပါပြီ...ဒီနည်းက Memory Stick တွေရဲ့ ပုံကိုလည်း ပြောင်းလို့ရပါတယ်... ဒါပေမယ့် ဒီနည်းက
အရမ်းအဆပြေကြီး မဟုတ်ပါဘူး... ဘာလို့လည်း ဆိုတော့ Antivirus တင်ထားတယ့် စက်တွေက
autorun.ini ကို Virus လို့ အထင်မှားပြီး ဖျက်ပစ်တတ်လို့ပဲ ဖြစ်ပါတယ်....

 ဒါကြောင့် ဒီ Software လေး သုံးပြီး ပြောင်းကြည့်ရအောင်.. အောက်မှာ အရင် Down လိုက်ပါ...

Windows 7 Icon Changer

ပြီးရင်တော့ တစ်နေရာရာမှာ Zip ဖြည်လိုက်ပေါ့.. သူက Portable ပါ ... Run လိုက်ပါ... အခု သူ့ Box
လေး ကျလာပါပြီ... C: လို့ ရေးထားတယ့် နေရာမှာ ကိုယ်ပြောင်းချင်တယ့် Drive Letter ကိုရွေးပေးပါ..
Install နှိပ်လိုက်ပါ... သူက လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ်... ကိုယ် Icon ကို သိမ်းထားတယ့် နေရာက
ကိုယ်ပြောင်းချင်တယ့် Icon ကို ရွေးပေးလိုက်ပါ... ဥပမာ D: ထဲမှာဆို D: ထဲပေါ့... ပြီးရင်  Refresh လုပ်လိုက်ပါ.. ဖြစ်နိုင်ရင်တော့ Restart တစ်ခေါက်လောက်ချလိုက်ပေါ့... ရသွားပါပြီဗျား...

Icon လေးတွေ လိုချင်ရင်တော့ http://www.iconarchive.com မှာ သွားရှာလို့ရသလို Google Search
ကနေလည်း Icon သီးသန့်တင်တယ့် Site တွေ ရှာလို့ရကြောင်းပါ ခင်ဗျ...

ကျေးဇူးအများကြီး တင်ပါတယ်...

No comments:

Post a Comment