Linn Ko: Deep Freeze 7+Manual

Request To My Friend....

You can comment or sent me E-Mail to linnko13@gmail.com if you see error in my blog or other you need...
I try to reply to you as fast as i can
Thank You So Much!!!



Saturday, January 26, 2013

Deep Freeze 7+Manual

ဒီ Software ကတော့ Partition တွေကို အေးခဲထားတယ့် သဘော ပါပဲ... သူ့ကို Install လုပ်ရင် ဘယ် Partition တွေကို Freeze လုပ်မလဲလို့ မေးပါတယ်... အဲ့ဒီမှာ Freeze လုပ်ချင်တယ့် အပိုင်းကို ရွေးပေးလိုက်ရုံပါပဲ.. သူက ဘယ်လို အလုပ်လုပ်လဲဆိုတော့ သူ့ကို Install လုပ်ထားတယ့်
အချိန်မှာ Freeze လုပ်ဖို့ရွေးပေးထားတယ့် အပိုင်းကို အသေမှတ်ထားလိုက်တာပါ... သူ့ ကို Install လုပ်ပြီးရင် သူ Freeze လုပ်ထားတယ့် အပိုင်းက File တွေ Folder တွေ Application တွေ အားလုံးကို ကြိုက်သလို ဖျက်ပစ်နိုင်ပါတယ်... Restart တစ်ခေါက် ချလိုက်ရုံနဲ့ ဖျက်ထားသမျှ အားလုံးဟာ သူ့ နဂိုမူရင်းအတိုင်းပြန်ရောက်နေမှာပါ... ဒီ Software ကို အသုံးပြုတော့မယ် ဆိုရင် အရင်ဆုံး Computer ကို လိုအပ်သမျှ Software တွေ အားလုံး တင်ပြီးမှ အသုံးပြု သင့်ပါတယ်...ပြီးတော့ C:(Windows ဧ။် System ပိုင်းတင်ထားသော Partition ) ကိုသာ Freeze လုပ်ထား သင့်ပါတယ်...ကျန်တယ့် Partition ကိုတော့ Data တွေ မှတ်ဖို့ ချန်ထားစေချင်ပါတယ်.. ဘာလို့လဲ ဆိုတော့ Partition အားလုံးကိုသာ Freeze လုပ်ထားရင် Data တွေ မှတ်လို့ မရပဲ ဖြစ်သွားပါလိမ့်မယ်...Data တွေမှတ်ထားလဲ Restart တစ်ခေါက် ဖြစ်ဖြစ် Computer ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ဖြစ်ဖြစ် ပြန်ပျောက်သွားမှာ ပါ...ဒါကြောင့် Data မှတ်ဖို့ Partition တစ်ခုတော့ ချန်ထားသင့်ပါတယ်...
Download လုပ်ချင်သူတွေ အတွက် ဒီမှာနှိပ်ပါ...
Install လုပ်နည်း ပါ ပါဝင်ပါတယ်
Password တောင်းရင် linnko လို့ထည့်ပေးပါ...
*သိလွန်းလို့ တတ်လွန်းလို့ မဟုတ်ပါ... သိသလောက် တတ်သလောက်ကို ပြန်လည်မျှပေးခြင်း ဖြစ်ပါသည်.... ကျေးဇူးတင်ပါသည်...

No comments:

Post a Comment